အမုန်းစကားများဖြန့်ဝေခြင်းနှင့် လူမျိုးရေး သုတ်သင်ရှင်းလင်းခြင်းများကို ဆန့်ကျင်၍ မားမားမတ်မတ်ရပ်တည်ပေးခြင်းဖြင့် ဗုဒ္ဓဘာသာကို မြှင့်တင်ပေးရန် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ထံ ကျွန်ုပ်တို့မှ မေတ္တာရပ်ခံ လျှောက်ထားပါသည်။ မြန်မာစိုးရကိုလည်း လူမျိုး၊ ဘာသာမခွဲခြားဘဲ အားနည်းနေသော လူမှုအသိုင်းအဝိုင်းဘက်မှ ကာကွယ်စောင့်ရှောက်ပေးရန် ကျွန်ုပ်တို့အဖွဲ့မှ တောင်းဆိုလိုက်ပါသည်။ ထို့အပြင် UN အဖွဲ့အားလည်း ရိုဟင်ဂျာများ၏ လုံခြုံရေးနှင့် အသက်ရှင်နေထိုင်ရေးကို သေချာဆောင်ရွက်ပေးရန် တောင်ဆိုလိုက်ပါသည်။

အောက်ပါအချက်အလက်များတွင် သင့်၏အမည်ကို ဖြည့်သွင်းပေးခြင်းဖြင့် သင်၏လက်မှတ်ကို ပေးစာထဲတွင် ထည့်သွင်းပေးမှာဖြစ်ပါသည်။ ဤပေးစာကို လက်မှတ်ရေးထိုးပြီးတဲ့နောက် ရိုဟင်ဂျာများအား ကူညီထောက်ပံ့ရန် အလှူငွေကို သင်စေတနာရှိသလောက်၊ နည်းသည်များသည်မရှိ လှူဒဏ်းပေးပါရန် ကျွန်ုပ်တို့မှ ဆန္ဒပြုပါသည်။

Please format name as you would like it displayed. Laypeople must include surname.

အချက်အလက် ပို၍သိရှိရန် (သို့) အီးမေးဖြင့်သတင်းယူရန် သင်ရွေးချယ်ထားခြင်းမရှိပါက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာလူမှုကူညီရေးစီမံကိန်းမှ နောက်ပိုင်းသတင်းအချက်အလက်များနှင့် ပတ်သက်၍ ဆက်သွယ်ခြင်း ပြုလုပ်မည်မဟုတ်ပါ။ သင်၏ အီးမေးလိပ်စာကိုလည်း အသုံးပြုရန် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးလိမ့်မည်မဟုတ်ပါကြောင်း အသိပေးပါသည်။

 


ဗုဒ္ဓဘာသာလူမှုကူညီရေးစီမံကိန်းမှာ Clear View Project ၏ ရှေ့ဦးဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး ဘာ့ကလေ၊ ကယ်လဖိုးနီးယား၊ အမေရိကန်ပြည်နယ်များတွင် အခြေချပါသည်။ ကျွန်ုပ်တို့၏ စီမံကိန်းနှင့် ရိုဟင်ဂျာအရေးကို ပိုမိုသိရှိလိုပါက  ဤနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါသည် (သို့မဟုတ်) အချက်အလက်ပိုမို သိရှိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ စည်းကမ်းချက် ပေါ်လစီကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ဖတ်နိုင်ပါသည်။