ပေးစာကိုဖတ်ကြည့်ရန်

အောက်ပါ ပေးစာမှာ မြန်မာတစ်ပြည်လုံးရှိ ဘုန်းတော်ကြီးကျောင်း အားလုံးကို အုပ်ချုပ်သော နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကို ရည်ညွှန်းပေးပို့ရန် ဖြစ်ပါသည်။ အမုန်းစကားများဖြန့်ဝေခြင်းနှင့် လူမျိုးရေး သုတ်သင်ရှင်းလင်းခြင်းများကို ဆန့်ကျင်၍ မားမားမတ်မတ်ရပ်တည်ပေးခြင်းဖြင့် ဗုဒ္ဓဘာသာကို မြှင့်တင်ပေးရန် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ထံ ကျွန်ုပ်တို့မှ မေတ္တာရပ်ခံ လျှောက်ထားပါသည်။ မြန်မာစိုးရကိုလည်း လူမျိုး၊ ဘာသာမခွဲခြားဘဲ အားနည်းနေသော လူမှုအသိုင်းအဝိုင်းဘက်မှ ကာကွယ်စောင့်ရှောက်ပေးရန် ကျွန်ုပ်တို့အဖွဲ့မှ တောင်းဆိုလိုက်ပါသည်။ ထို့အပြင် UN အဖွဲ့အားလည်း ရိုဟင်ဂျာများ၏ လုံခြုံရေးနှင့် အသက်ရှင်နေထိုင်ရေးကို သေချာဆောင်ရွက်ပေးရန် တောင်ဆိုလိုက်ပါသည်။

ဒီပေးစာကို အစဦး၌ (Venerable Bhikkhu Bodhi, Yongey Mingyur Rinpoche, Dhammachari Lokamitra, Phra Paisal Visalo, Joseph Goldstein, Bernie Glassman, and Ashin Issariya / အရှင်ဣဿရိယ) တို့ပါဝင်သော ဗုဒ္ဓဘာသာခေါင်းဆောင်ပေါင်း ၂၀၀ တို့မှ စုပေါင်းထောက်ခံ လက်မှတ်ထိုးခဲ့ကြသည်။ ယခုအခါ ကျွန်ုပ်တို့မှ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းကြီးကို ပါဝင်လက်မှတ်ရေးထိုးကြရန် (sign the letter) တိုက်တွန်းဖိတ်ကြားလိုက်ပါသည်။ ရိုဟင်ဂျာအရေးကို ပိုမိုလေ့လာသိရှိလိုပါက ဤနေရာတွင် (here) ဝင်ရောက်လေ့လာနိုင်ပါသည်။ 


သို့ - နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့၊
သီရိမင်္ဂလာ ကမ္ဘာအေးကုန်း၊ ရန်ကုန်မြို့၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ

ကြည်ညိုလေးစားရပါသော သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် ခေါင်းဆောင်ကြီးများခင်ဗျား

ကျွန်ုပ်တို့ ထောင်ချီခန့်ရှိသော ဗုဒ္ဓဘာသာဝင်များ များစွာပါဝင်သည့် အနောက်နိုင်ငံများနှင့် ကမ္ဘာတဝှမ်းရှိ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများ၊ သင်ကြားပို့ချသူများ ဖြစ်ကြကုန်သော ထရေဝါဒ၊ မဟာယနနှင့် ဝဇီရယာန ဗုဒ္ဓဘာသာများ အသီးသီးမှ ဘုန်းတော်ကြီးများနှင့် သူတော်ရှင်များ စုပေါင်း၍ မေတ္တာတရားဖြင့် ဤစာကိုရေးသားထားခြင်း ဖြစ်ပါသည်။

မန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၌ နေထိုင်ကြသော ရာထောင်ချီသည့် မူဆလင် ညီအစ်ကိုမောင်နှမများအား ဦးတည်ကာ စနစ်တကျ အကြမ်းဖက်မှုများနှင့် မတရားပြစ်မှုကျူးလွန်မှုများ ဆက်လက်ဖြစ်ပွားနေသည်ကို စိုးရိမ်ကြီးစွာ တွေ့မြင်ရပါသည်။ အများယုံကြည်စိတ်ချမှု ရရှိထားသော လူ့အခွင့်အရေးအဖွဲ့များနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများ၏ သတင်းမှတ်တမ်း တင်ပြချက်များအရ ၆၀၀၀၀၀ အထက်ရှိသော ရိုဟင်ဂျာများမှာ မြန်မာပြည်နယ်စပ်မှ နှင်ထုတ်ခံရ ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် အခြားဒေသများသို့ တိမ်းရှောင်ခိုလှုံနေကြရပါသည်။

စိတ်ချရသော သတင်းဌာနများမှ ဖော်ပြချက်များအရ ရခိုင်ပြည်နယ်ရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော မြို့များ၊ ကျေးရွာများ၌ လူသတ်မှုများ၊ ရိုက်နက်မှု၊ အစာအငတ်ခံရမှု၊ ရောဂါများ၊ အဓမ္မပြုကျင့်မှုများ အပြင် ယခုကဲ့သို့ နယ်နှင်ခံရမှုများနှင့် ကြုံတွေ့ခံစားခဲ့ကြရကြောင်း သိရသည်။ ယခင်က ရိုဟင်ဂျာများအား ဖိနှိပ်မှုနှင့် မတူ၊ ယခုအချိန်တွင်မှု တစ်ကမ္ဘာလုံးက ဂရုဏာဖြင့် စောင့်ကြည့်နေကြပြီး မြန်မာအစိုးရ၊ တပ်မတော်နှင့် မြန်မာဗုဒ္ဓဘာသာ အဖွဲ့အစည်းများမှ ဤအကြမ်းဖက်မှုမူများအတွက် တာဝန်ယူဖြေရှင်းပေးရန် ဖိအားပေးလာကြပါသည်။

လူအများမှ ဗုဒ္ဓ၏သင်ကြားချက်များကို မှာယွင်းစွာ ထင်မြင်ယူဆလာခြင်းကြောင့် ကျွန်ုပ်တို့မှ များစွာ စိုးရိမ်စိတ်ပျက်လာ ရပါသည်။ ဗုဒ္ဓ္ဓဟောသော တရားဓမ္မများ၌ အမုန်းတရားနှင့် အကြမ်းဖက်မှုများ လုပ်ဆောင်ရန် အားပေးသော အကြောင်းတစ်စုံတစ်ရာ မပါရှိပါ။ (ဗုဒ္ဓဓမ္မပရဟိတအဖွဲ့ ခေါ် ယခင် အမျိုးဘာသာစောင့်ရှောက်ရေးအသင်း) မဘသအဖွဲ့မှ သံဃာများ၏ မဆင်မခြင်ပြောဆိုသော စကားများနှင့် ဒေါ်သတကြီးလုပ်ဆောင်မှုများက၊ ဗုဒ္ဓဟောကြားထားသော ကိုယ်ကျင့်တရား၊ ငြိမ်းအေးမှုနှင့် သည်းခံခြင်း တရားများနှင့် လုံးဝ ဆန့်ကျင်ကွဲပြား၍နေပါသည်။

  1. သို့အတွက်ကြောင့် နိုင်ငံတော်၏ သံဃာမဟာနာယက ကော်မတီအဖွဲ့အား မဘသအဖွဲ့ကို ယခင်ကထက်ပို၍ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်၍ ကြီးကြပ်စေပြီး လူမျိုးတုံးသတ်ဖြတ်မှုများနှင့် အမုန်းစကားများအား ဆန့်ကျင်ကာ မားမားရပ်တည်ပေးခြင်းဖြင့် ဗုဒ္ဓသာသနာကို ထိမ်းသိမ်းမြှင့်တင်ပေးရန် ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။
  2. ခိုကိုးရာမဲ့ ဒုက္ခရောက်နေကြသော ဘာသာအသီးသီးမှ တိုင်းရင်းသား လူမျိုးများအားလုံးကို အကာအကွယ်ပေးရန်နှင့်၊ မိမိတို့၌ ရှိရှိသမျှ အရင်းအမြစ်များအားလုံးကို ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် အပြည့်အဝ အသုံးချပေးရန် နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်အပါအဝင် နိုင်ငံတော်အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား ကျွန်ုပ်တို့မှ တဖန် တောင်းဆိုလိုက်ပါသည်။
  3. (UN) ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလည်း မြန်မာနိုင်ငံအတွင်းရှိ ဖြစ်ပွားနေလျက်ရှိသော လူမျိုးစုများအကြား တင်းမာမှု ပဋိပက္ခများပပျောက်သွားစေရေး အတွက် ငြိမ်းချမ်းစွာ အဖြေရှာနည်းများကို ၎င်းတို့၏ ငြိမ်းချမ်းသော နည်းလမ်းမျိုးစုံအသုံးချ၍ ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် ရိုဟင်ဂျာလူမျိုးစုများ၏ လုံခြုံရေးနှင့် ရှင်သန်နေထိုင်ရေး အဆင်ပြေစေရန်သာမက မြန်မာနိုင်ငံသားများကဲ့သို့ အခွင့်အရေးများ အပြည့်အဝရရှိစေရန် အတွက်ပါ ရှေ့ဆက်ဆောင်ရွက်သွားပေးဖို့ ကျွန်ုပ်တို့မှ တောင်းဆိုလိုက်ပါသည်။

ဓမ္မ၏ စစ်မှန်သော မေတ္တာတရားနှင့် ငြိမ်းချမ်းမှုများဖြင့် အစဉ်လေးစားလျက်
Rev. Hozan Alan Senauke၊ ဗုဒ္ဓဘာသာလူမှုကူညီရေးစီမံကိန်း
ထောက်ခံလက်မှတ်များစွာအပါအဝင် နိုင်ငံတကာ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကိုယ်စား ရေးသားထားပါသည်။

Cc:
သူရဦးအောင်ကို 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၁၀)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် 
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် 
သမ္မတအိမ်တော်၊ ရာဇဌာနီလမ်းမကြီး၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ

ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် 
ကာကွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၄)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ


Fillippo Grandi, United Nations High Commissioner for Refugees

Case Postale 2500, CH-1211 Genève 2 Dépôt, Suisse
+41-22- 739-8111

Kofi Annan, Chair of the Advisory Commission on Rakhine State
Kofi Annan Foundation
P.O.B. 157 | 1211 Geneva 20, Switzerland
+41 22 919 7520
Att: Bijan Farnoudi <farnoudi@kofiannanfoundation.org>

 


ဗုဒ္ဓဘာသာလူမှုကူညီရေးစီမံကိန်းမှာ Clear View Project ၏ ရှေ့ဦးဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး ဘာ့ကလေ၊ ကယ်လဖိုးနီးယား၊ အမေရိကန်ပြည်နယ်များတွင် အခြေချပါသည်။ ကျွန်ုပ်တို့၏ စီမံကိန်းနှင့် ရိုဟင်ဂျာအရေးကို ပိုမိုသိရှိလိုပါက  ဤနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါသည် (သို့မဟုတ်) အချက်အလက်ပိုမို သိရှိလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ စည်းကမ်းချက် ပေါ်လစီကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ဖတ်နိုင်ပါသည်။